မန္တလေးမြို့တွင် လုယ-က်မှု(၁၆)ကြိမ်ကျူးလွန်ခဲ့သူ (၃)ဦးကိုဖမ်းမိ

0
19

မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်းသွားလာနေသူများကို လုယ-က်မှု(၁၆)ကြိမ်ကျူးလွန်ခဲ့သည့် အမျိုးသား(၃)ဦးကို အောက်တိုဘာ ၁၉ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်းသွားလာနေသူများထံမှ ရွှေဆွဲကြိုးများလုယ-က်နေသူများကိုဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ လုယ-က်မှုအကြိမ် ကြိမ်ကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ကျူးကျော်တဲနေသူများဖြစ်သော ဇော်လင်းအောင်(ခ)မဲကြီး (၃၆)နှစ်၊ ထွန်းတောက်လင်း(ခ)ဖက်တီး(၂၁)နှစ်၊ သိန်းဝင်းအောင်(ခ)စွေစောင်း(၁၉)နှစ်တို့အား အောက်တိုဘာ ၁၉ ရက်က အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ၎င်းတို့သည် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဇွန်လအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု(၇)ကြိမ်၊ ဇူလိုင်လအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု (၃)ကြိမ်၊ သြဂုတ်လအတွင်းက ရွှေထည်ပစ္စည်းလုယက်မှု(၃)ကြိမ်၊ စက်တင်ဘာလအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု (၃)ကြိမ်(စုစုပေါင်း ရွှေထည်ပစ္စည်းလုယ-က်မှု ၁၆ ကြိမ်)ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ၎င်းတို့လု ယ-က်မှုကျူးလွန်ပြီး ထုခွဲရောင်းချထားသည့် ရွှေထည်ပစ္စည်းများကို သက်ဆိုင်ရာနေရာအသီးသီးတွင် ရှာဖွေသိမ်းဆည်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သူ(၃)ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများဖွင့်လှစ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here