ထိုင်းမြောက်ပိုင်း၌ မူးယစ်ကုန်ကြမ်း တန်ချိန် ၈၃၀ ကျော်ဖမ်းဆီးရမိ

0
31

ဘန်ကောက်၊အောက်တိုဘာ ၁၈

ထိုင်းနိုင်ငံမြောက်ပိုင်း၊တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ရှိ တရုတ်နိုင်ငံသားများပိုင်ဆိုင်သည့် ဂိုဒေါင်တစ်ခုမှ မူးယစ်ဆေးဝါး ချက်ရာ၌ အသုံးပြုသည့်ကုန်ကြမ်း တန်ချိန် ၈၃၀ ကျော် ကို ဖမ်းဆီးရရှိခဲ့ကြောင်း ထိုင်းနိုင်ငံမူးယစ်‌ေဆးဝါးထိန်းချုပ်ရေးအဖွဲ့က‌အတည်ပြုပြောကြားခဲ့သည်။

ထိုင်းမူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့မှအရာရှိများ၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှတာဝန်ရှိသူများအပါအဝင် နယ်မြေခံရဲတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအာဏာပိုင်များပူးပေါင်းကာ မဲဆောက်မြို့ ၊ မဲကဆာကျေးရွာကို ဝင်ရောက်စီးနင်းစဉ် ယခုကဲ့သို့ ဖမ်းမိရမိ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဂိုဒေါင်အတွင်းမှ မူးယစ်‌ေဆးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသော ကုန်ကြမ်းများနှင့်ဆက်စပ်ပစ္စည်းများပါဝင်သည့် တိုင်ကီအလုံးရေ ၄,၄၁၈ လုံး ကို ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့အနက် တိုင်ကီအလုံး ၃၆၀ ၌ မူးယစ်ကုန်ကြမ်းအမျိုးမျိုး တန်ချိန် ၈၃၀ ကျော်ပါဝင်နေခြင်းဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါ ပစ္စည်းများသည် တစ်ဖက်နိုင်ငံရှိ စက်ရုံတစ်ခု၌ ခရစ်စတယ် မက်သာဖက်တမင်း နှင့် ကတ်တမင်းများထုတ်လုပ်ရန်အတွက်ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများကသံသယရှိကြသည်။အကယ်၍ မူးယစ်ဂိုဏ်းသည် အဆိုပါဓာတုဗေဒပစ္စည်းများကို နယ်စပ်ဖြတ်ကျော်သယ်ယူမှုအောင်မြင်ပါက ဘတ်ငွေ ကို ဘီလျံရာနှင့်ချီ၍ရရှိနိုင်မည်ဖြစ်သည်ဟုလည်းသိရသည်။

ယခုဖမ်းဆီးမှုတွင် စီစီတီဗွီ အလုံးပေါင်းများစွာကိုလည်းသိမ်းဆည်းရမိခဲ့သဖြင့် ဂိုဒေါင်ပိုင်ရှင်သည် အခြေအနေကိုအဝေးမှထိန်းချုပ်‌နေခြင်းမျိုးဖြစ်နိုင်‌ကြောင်း အာဏာပိုင်များကယူဆခဲ့ကြသည်။

ဂိုဒေါင်သည် တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ထိုင်းလူမျိုးကိုငှားထားခြင်းဖြစ်ကာ ငှားရမ်းသူသည် သစ်သီးသိုလှောင်ရန်ငှားရမ်းသည်ဟု အာဏာပိုင်များကို ပြောကြားခဲ့သော်လည်း ဝင်ရောက်စစ်ဆေးချိန်တွင် မူးယစ်ကုန်ကြမ်းများကို သိမ်းဆည်းမိသဖြင့် အဆိုပါထိုင်းနိုင်ငံသားကိုလည်း စစ်ဆေးရန်ဆင့်ခေါ်ထားသည်ဟုဆိုသည်။

သက်ဆိုင်ရာ အရာရှိများ၏အဆိုအရ ယခုဝင် ရောက်စီးနင်းမှုသည် နိုင်ငံရပ်ခြားမှ အရာရှိများ၏သတင်းပေးချက်အရပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။မူးယစ်ရောင်းဝယ်ဖောက်ကားသူများသည် မြန်မာနိုင်ငံမှ မူးယစ်ကုန်ကြမ်းများကို ထိုင်းနိုင်ငံသို့သယ်ဆောင်လာပြီး ဂိုဒေါင်တွင်သိမ်းဆည်းထားသည်ဟုယူဆရကြောင်းအာဏာပိုင်များကဆိုသည်။

Source : သည်ထိုင်းဂျား


LEAVE A REPLY

Please enter your comment!
Please enter your name here