ဗြိတိန်က ဂျကာတာ၊ ဆိုးလ်တို့နှင့် လုံခြုံရေးကိုနက်ရှိုင်းစွာပူးပေါင်းမည်

0
38
Britain's Foreign Secretary David Lammy attends a meeting with Chinese Vice Premier Ding Xuexiang (not pictured) at the Great Hall of the People in Beijing on October 18, 2024. (Photo by FLORENCE LO / POOL / AFP)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီသည် ၎င်း၏ အာရှနှစ်နိုင်ငံခရီးစဉ်အတွင်း အင်ဒိုနီးရှား၊ တောင်ကိုရီးယားနိုင်ငံများနှင့် ဗြိတိန်၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ သန့်ရှင်းသောစွမ်းအင်သို့ကူးပြောင်းရေးကိုလည်း ဆွေးနွေးသွားရန် မျှော်လင့်ထားကြောင်း သိရသည်။

မော်စကို၏ စစ်ဆင်ရေးများကို အထောက်အကူပေးရန် မြောက်ကိုရီးယားက စစ်သား ၁၀,၀၀၀ စေလွှတ်ပေးရန် ပြင်ဆင်နေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စွပ်စွဲခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် သူ၏ တောင်ကိုရီးယားခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယင်း စွပ်စွဲချက်ကြောင့် အမေရိကကို စိုးရိမ်မှုမြင့်တက်စေခဲ့ပြီး နေတိုးအဖွဲ့အကြီးအကဲ Mark Rutte ကမူ ယင်းအဆင့်တွင် ပြုံယမ်းပါဝင်ပတ်သက်သော အထောက်အထားမျိုး မရှိဟု ပြောဆိုခဲ့သည်။

ကိုရီးယားကျွန်းဆွယ် အပါအဝင် ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရန် လုပ်ဆောင်ရင်းဖြင့် ယူကရိန်းကို ကာကွယ်ရာတွင် တောင်ကိုရီးယားမိတ်ဖက်များသည် မိမိတို့နှင့် အပြန်အလှန်ရပ်တည်ခဲ့ကြသည်ဟု သူ၏ရုံးက သတင်းထုတ်ပြန်ချက်တွင် လမ်မီက ပြောကြားခဲ့သည်။

လေဘာပါတီ အပြတ်အသတ်အနိုင်ရခဲ့အပြီး ဇူလိုင်လတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရသော လမ်မီသည် မကြာခင်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗြိတိန်နိုင်ငံ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထားသည် တသမတ်တည်းရှိသည်ကို ကတိပြုခဲ့ကြောင်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် သူ၏ တွေ့ဆုံမှုသည် အပြုသဘောဆောင်ခဲ့ကြောင်း ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာသို့ ရောက်ရှိနေသည့် လမ်မီသည် တနင်္ဂနွေနေ့တွင်ကျင်းပ ပြုလုပ်မည့် ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်ဖြစ်သည်။

ဂျီ-၂၀ အဖွဲ့ဝင်များဖြစ်သည့် တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့နှင့် ဗြိတိန်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ထားသည့် ခရီးစဉ်အတွင်း လမ်မီသည် တောင်ကိုရီးယား၏ စစ်အင်အား လုံးအရင်းချထားရာ စစ်မဲ့ဇုန်သို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ထားသည်။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here