တရုတ်ဒုသမ္မတနှင့်အင်ဒိုသမ္မတတို့တွေ့ဆုံ

0
37

ဂျကာတာ၊အောက်တိုဘာ ၂၀

အင်ဒိုနီးရှားသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယသမ္မတသည် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

တရုတ်သမ္မတ၏ အထူးကိုယ်စားလှယ်အနေဖြင့် အင်ဒိုနီးရှားသမ္မတအသစ်ပရာဘိုဝို၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်လာသည့် ဒုတိယသမ္မတသည် အင်ဒိုတွင် စနေနေ့မှ တနင်္လာနေ့အထိနေမည်ဖြစ်ကြောင်းလည်းသိရသည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေး တိုးတက်မှုကိုမြင်တွေ့ခဲ့ရပြီး နှစ်နိုင်ငံအကြီးအကဲများသည် နှစ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်မှုကိုဖော်ဆောင်ကာ အနာဂတ် လူမှုအသိုက်အဝန်းတည်ဆောက်ရေး ခေတ်သစ်ကိုပါ ဦးတည်ပြုလုပ်ခဲ့ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အစဉ်အလာကောင်းကိုထိန်းသိမ်းကာ ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ပြီး အရည်အသွေးမြင့် ရပ်ဝန်း နင့် လမ်းမ (Belt and Road) ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လည်းပြောကြားခဲ့သည်။

ဂျကာတာ – ဘန်‌ဒေါင်းကဲ့သို့သော အဓိက ပူးပေါင်းဆောင်ရွက်မှု စီမံချက်များကို ချောမွေ့စွာလည်ပတ်နိုင်စေရန်အတွက် အင်ဒိုနီးရှားနိုင်ငံနှင့်လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းကိုလည်း ဒုတိယသမ္မတမစ္စတာဟန်ကပြောကြားခဲ့သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် နှစ်နိုင်ငံအကြား အထင်ကရ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းဖြစ်ပြီး ရထားလမ်းပိုင်းများတွင် ထိရောက်စွာ ပြေးဆွဲနိုင်ရေးအတွက် တရုတ်နိုင်ငံနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းလည်း ဂျိုကိုဝီကပြောကြားခဲ့သည်။

ဆက်လက်၍ အင်ဒိုနီးရှားအစိုးရသစ်၏ ဦးဆောင်မှုအောက်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် အဆင့်သစ်သို့ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံကပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here