လုပ်ကြံရန်ကြိုးပမ်းခြင်းသည် မဟာအမှားဖြစ်–‌ နေတန်ယာဟု

0
39
Israeli Prime Minister Benjamin Netanyahu is pictured at the Government Press Office (GPO) in Jerusalem tbefore giving a press conference on September 4, 2024. (Photo by ABIR SULTAN / POOL / AFP)

ဂျေရုဆလင်၊အောက်တိုဘာ ၁၉

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ၎င်းနှင့်ဇနီးသည်ကို လုပ်ကြံရန်ကြိုးပမ်းသည့် အီရန်အေးဂျင့်များသည် မဟာအမှားကိုကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်ဟုပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ၎င်း၏ကိုယ်ပိုင်နေအိမ်‌တော်သို့ချိန်ရွယ်လွှတ်တင်လိုက်သည့် ဒရုန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဒရုန်းသည် ဝန်ကြီးချုပ်၏နေအိမ်ကို မထိခိုက်ခဲ့ဘဲ အခြားအိမ်တစ်လုံးကိုထိခဲ့ပြီး ‌ေ-သဆုံးမှုမရှိခဲ့သလို ဒရုန်းလွှတ်တင်လိုက်ချိန်တွင် ဝန်ကြီးချုပ်နှင့်ဇနီးတို့သည်လည်း‌အိမ်‌တော်မှာ မရှိကြောင်း ဝန်ကြီးချုပ်ရုံးကသတင်းထုတ်ပြန်ကြေငြာခဲ့သည်။

“ဒီလိုလုပ်လိုက်ရုံနဲ့ ကျွန့်တော့်ကိုရော အစ္စရေးကိုပါ နောင်လာနောက်သားတွေရဲ့ လုံခြုံရေး အတွက်ဆင်နွှဲနေတဲ့ အစ္စရေးရဲ့ ရှင်သန်ရပ်တည်ရေးစစ်ပွဲကို ဟန့်တားနိုင်မှာမဟုတ်ပါဘူး၊အစ္စရေးနိုင်ငံသားတွေကို ထိခိုက်အောင်လုပ်ရင် တန်ရာတန်ကြေးပြန်ပေးဆပ်ရမယ်လို့ အီရန်နဲ့ ဝင်ရိုးစွန်းမဟာမိတ်တွေကိုပြောလိုပါတယ်” ဟုလည်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေးသည် အီရန်အကြမ်းဖက်များကိုအမြစ်ဖြတ်ချေမှုန်းကာ ထိန်းသိမ်းခံဓ-ါးစာခံများအား နေရပ်ပြန်ပို့နိုင်ရန်အတွက်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ချမှတ်ထားသည့် စစ်ပွဲရည်မှန်းချက်အားလုံး ရသည်အထိ ဆက်သွားမည်ဖြစ်သလို နောင်လာနောက်သားများအတွက် လုံခြုံရေးကိုရယူပေးနိုင်သည်အထိဆက်လုပ်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here