ကမ္ဘောဒီးယား၌ မြေမြှုပ်မိုင်းဧရိယာ ၁,၇၀၀ စတုရန်းကီလိုမီတာရှိနေဆဲ

0
18

ဖနွမ်းပင်၊အောက်တိုဘာ ၂၀

ကမ္ဘောဒီးယားနိုင်ငံ၌ မြေမြှုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသော စစ်လက်နက် ပစ္စည်း များကျန်ရှိနေသေးသော နယ်မြေ ဧရိယာ ၁,၇၀၀ စတုရန်းကီလိုမီတာခန့်ရှိနေသေးပြီး အဆိုပါမိုင်းများရှိရာဒေသများ မှ ဒေသခံပြည်သူ တစ်သန်းခန့်သည် အန္တရာယ်ရှိ‌နေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်ကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအနေဖြင့် နှစ်ပေါင်း ၃၀ အတွင်း မြေမြှုပ်မိုင်းကျန်ရှိ နေသေးသောဧရိယာ ၃,၀၀၀ စတုရန်းကီလိုမီတာကိုရှင်းနိုင်ခဲ့သော်လည်း ယခုအထိ ၁,၇၀၀ စတုရန်းကီလိုမီတာခန့် ကို ရှင်းလင်းရန်ကျန် နေဆဲဖြစ်ကြောင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“အခုကျွန်တော်တို့ မိုင်းရှင်းဖို့ကျန်နေတဲ့ဧရိယာဟာ အကြမ်းဖျဉ်းတွက်မယ်ဆိုရင် စင်္ကာပူနိုင်ငံရဲ့ နှစ်ဆခွဲလောက်ကျန်ရှိနေသေးတာမို့ ဒေသခံတစ်သန်းလောက်အတွက်က အန္တရာယ်ရှိနေဆဲပါ။အဲ့ဒါကြောင့် အခုထက်ပိုပြီးအား စိုက်လို့ လုပ်ရပါဦးမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်က ယခုမိုင်းကြွင်းမိုင်းကျန်များသည် စစ်၏အနိဌာရုံများဖြစ်သဖြင့် ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၏တန်ဖိုးကိုသိရှိကာ ပိုမိုထိန်းသိမ်းဆောင်ရွက်သင့်ကြောင်းကိုလည်းအသိပေးပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here