ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံ ရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန် ရုရှားစစ်ရေယာဥ်(၄)စီး ရန်ကုန်သို့ရောက်လာ

0
14

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံ ရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန်နှင့်ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရုရှားစစ်ရေယာဥ်(၄)စီး သည် ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များဖြစ်သည့် စစ်ရေယာဉ် Gromky ၊ စစ်ရေယာဉ် Rezky ၊ စစ်ရေယာဉ် Tsydenzhapov နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်၍ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရောက်ရှိလာသည့် စစ်ရေယာဥ်(၄)စီးအား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း၌ ရုရှားရေတပ်စစ်သည်များ သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများကို သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့အား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here