(၄)ပတ်ဆက်တိုက် စားအုန်းဆီဈေးနှုန်းကျဆင်းလာ

0
27

စားသုံးသူလက်လီဈေးကွက်အတွင်း ရောင်းချရန် သတ်မှတ်ပေးထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် လေးပတ်ဆက်တိုက်ကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။

ယခုတစ်ပါတ်တွင် စားအုန်းဆီတစ်ပိဿာကို (၆၂၆၅) ကျပ်ဖြင့် ရောင်းချရန်သတ်မှတ်ထားပြီး ယခင်တစ်ပါတ်တွင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ (၆၃၅၅) ကျပ်ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဈေးကွက်အတွင်း ဝယ်ယူရခက်ခဲနေသည့် စားအုန်းဆီကို သမဝါယမစာအုပ်ဖြင့် မြို့နယ်အချို့တွင် ရောင်းချပေးမှုကြောင့် ဝယ်ယူသုံးစွဲသူများ အဆင်ပြေကြောင်းလည်း သိရသည်။

” အခုကစာအုပ်နဲ့ ဝယ်တာဆိုတော့ အဆင်ပြေတယ်။ ကိုယ်တွေရပ်ကွက်အလှည့်ရောက်ရင် စာအုပ်ပြဝယ်ယုံပဲ။ မရတာထက်စာရင် ဒီလိုကအဆင်ပြေတယ်။ မဟုတ်ရင် ဆီဝယ်ဖို့အတွက် အစောကြီးထတန်းစီရတာ အလုပ်တစ်လုပ်။ အခုတော့ အဆင်ပြေနေပါပြီ” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှု‌များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်မှ အောက်တိုဘာလ (၂၇)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် (၆၂၆၅) ဖြင့်ရောင်းချရမည်ဟု ထုတ်ပြန်ကြေညာထားသည်။

စားအုန်းဆီများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှု‌များပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here