ပုလောတွင် စက်လှေတိမ်းမှောက်မှု ဖြစ်ပွါး၊ အများအပြားပျောက်ဆုံးနေ

0
24

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် လူ ခုနှစ်ဆယ်ခန့်လိုက်ပါလာသည့် စက်လှေသည် (အောက်တိုဘာ၂၀)ရက် ညပိုင်းက တိမ်းမှောက်ပြီး အများအပြားပျောက်ဆုံးနေသည်။

ယင်းအနက် လူရှစ်ဦး၏ အလေ-ာင်းကိုသာ ပြန်လည်ရရှိထားကြောင်း ကူညီကယ်ဆယ်ရေး လုပ်နေသူများထံမှလည်း သိရသည်။

“တောင်ကြား ပင်လယ်ဝမှာ၊ရေစီးကအရမ်းသန်တာ။ ရေစီးအရမ်းသန်တဲ့ အချိန်မှာ ရေစီးသန်တဲ့အနေအထားနဲ့ အပေါ်ဝိတ်အရမ်းလေးတော့ ဟန်ချက်ပျက်သွားတော့ တိမ်းမှောက်သွားတာ” ဟု ကူညီလုပ်ဆောင်ရေးလုပ်နေသူတစ်ဦးကလည်း ပြည်တွင်းမီဒီယာများကို ဖြေကြားထားသည်။

ယင်းစက်လှေသည် ပုလောမြို့နယ် ကျောက္ကာရွာအနီးက ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကာ စက်လှေပေါ်၌ စစ်ဘေးဒုက္ခသည်များအပါအဝင် သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ပြန်လာကြသည့် ကျောင်းသားများ၊ ကျောင်းသားမိဘများနှင့် တခြားခရီးသည်များ ပါလာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူများကို ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့တချို့က ဆက်လက်ရှာဖွေနေကြဆဲဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here