အမေရိကန် ကာကွယ်ရေးဝန်ကြီး ယူကရိန်းသွား

0
30

ကိဗ်၊အောက်တိုဘာ ၂၁

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် အောက်တိုဘာလ ၂၁ ရက် တနင်္လာနေ့က ယူကရိန်းသို့ ရောက်ရှိခဲ့ကြောင်း အင်တာဖက်စ်-ယူကရိန်းသတင်းဌာနက ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း မစ္စတာအော်စတင်သည် ယူကရိန်းသမ္မတ ဇလန်းစကီးအပါအဝင် ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်အူမဲရိုတို့နှင့်ပါ တွေ့ဆုံရန်စီစဉ်ထားကြောင်းသိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် လာမည့်နှစ်၌ ယူကရိန်းအတွက် အမေရိက၏ စစ်ရေးပံ့ပိုးကူညီမှုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်ဟုဆိုထားသည်။

မစ္စတာအော်စတင်၏ ယခုခရီးစဉ်သည် အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် ယူကရိန်းသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။

Source : ရှင်းဟွာ
Photo credit : SCMP


LEAVE A REPLY

Please enter your comment!
Please enter your name here