အင်ဒိုသမ္မတပရာဘိုဝိုက ဆူဂျီယိုနိုကိုနိုင်ငံခြားရေးဝန်ကြီးခန့်

0
29

ဂျကာတာ၊အောက်တိုဘာ ၂၁

အင်ဒိုနီးရှားနိုင်ငံသမ္မတသစ် ပရာဘိုဝိုသည် Gerindra ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဆူဂျီယိုနိုကို လက်ရှိနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်မိုမာဆူဒီ၏နေရာတွင် အစားထိုးခန့်အပ်ခဲ့ကြောင်းသိရသည်။

တနင်္ဂနွေနေ့ညနေပိုင်းက ဂျကာတာမြို့ရှိ မာဒေးကားနန်းတော်၌ ကျင်းပပြုလုပ်သည့် အစိုးရသစ် ဝန်ကြီးများ၊ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများကို မိတ်ဆက်ပွဲ၌ ပရာဘိုဝိုကကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Gelora ပါတီမှနိုင်ငံရေးသမားတစ်ဦးဖြစ်သည့် Anis Matta၊ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Arrmanatha Nasir နှင့် ဂျာမနီနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Arif Havas Oegroseno တို့ကလည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သမ္မတကဆက်လက်ကြေငြာခဲ့သည်။

၎င်းတို့သုံးဦးသည် နိုင်ငံတော်၏ သံခင်းတမန်ခင်းရေးရာကိစ္စများကို ဦးစီးဆောင်ရွက်မည့် မစ္စတာဆူဂျီယိုနိုကို ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။

မစွစတာဆူဂျီယိုနိုကလည်း အစိုးရသစ်လက်ထက်တွင် Gerindra ပါတီ၏ဥက္ကဌလည်းဖြစ်သည့် သမ္မတပရာဘိုဝိုကို ကူညီရန် အဆင်သင့်ရှိကြောင်း ယခင်ကပြောကြားခဲ့ဖူးသည်။

ထို့ပြင် “ကျွန်တော်က စစ်သားတစ်ယောက်ပါ၊ဘာတာဝန်ပဲပေးပေး၊ဘာပဲလုပ်လုပ် တတ်နိုင်သမျှ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ထမ်းဆောင်သွားမှာပါ” ဟုလည်း ဆူဂျီယိုနိုကပြောကြားခဲ့သည်။

သမ္မတပရာဘိုဝို၏ အစိုးရ အဖွဲ့တွင်အစိုးရဝန်ကြီးဌာနများနှင့်ဌာန ၅၃ ခုပါဝင်ပြီး အစိုးရသစ်၏ဝန်ကြီးများ၊ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများသည် အောက်တိုဘာလ ၂၁ ရက်နေ့တွင်ကျမ်းသစ္စာကျိန်ဆိုမည်ဟုသိရသည်။

Source : အန်တာရာနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here