နှစ်နှစ်အတွင်း ကမ္ဘောဒီးယားက ထိုင်းမှဓာတ်အား တိုးမြှင့်တင်သွင်းမည်

0
28

စင်္ကာပူ၊အောက်တိုဘာ ၂၁

ကမ္ဘောဒီးယားက အိမ်နီးချင်း လာအို၊ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ သန့်ရှင်းသောဓာတ်အား မဂ္ဂါဝပ် (၆၀၀) ကျော်တင်သွင်းရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးကပြောကြားခဲ့ပြီး စာချုပ်ပါပမာဏထက် ၅၀ ရာခိုင်နှုန်း တိုးမြှင့်တင်သွင်းမည်ဖြစ်သည်ဟုသိရသည်။

ဖနွမ်းပင်သည် လာအိုမှ နေရောင်ခြည်စွမ်းအင်နှင့်ရေအားလျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ကို ၂၀၂၆ ခုနှစ်တွင် စတင် တင်သွင်းမည်ဖြစ်သည်။

ထို့ပြင် လက်ရှိ ဗီယက်နမ်မှတင်သွင်းနေသည့် ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ကို နှစ်ဆတိုးမြှင့်မှု တင်သွင်းရန်သဘောတူ ခွင့်ပြုချက်ရလုနီးပါးဖြစ်ကာ ထိုင်းနိုင်ငံမှလည်း နောက်ထပ် ၁၀၀ မဂ္ဂါဝပ်ကိုတင်သွင်းနိုင်ချေရှိသည်ဟုလည်းသိရသည်။

အမေရိကမှ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစီမံခန့်ခွဲရေးအဖွဲ့၏အဆိုအရ ကမ္ဘောဒီးယားသည် လက်ရှိတွင် ထိုင်း၊ဗီယက်နမ်နှင့် လာအိုတို့မှ ဓာတ်အား ၁,၀၃၀ မဂ္ဂါဝပ်ကိုတင်သွင်းလျက်ပြီး အဆိုပါပမာဏသည် နိုင်ငံတွင်း ဓာတ်အားဖြန့်ဖြူးမှုစုစုပေါင်းပမာဏ၏ လေးပုံတစ်ပုံခန့်ရှိသည်ဟုဆိုသည်။

ထို့ပြင် ဗီယက်နမ်မှ နောက်ထပ် မဂ္ဂါဝပ် ၂၀၀ နှင့် ထိုင်းနိုင်ငံမှ မီဂါဝပ် ၁၀၀ ကျော် ရရှိနိုင်ရန် မျှော်လင့်သည်ဟုလည်း ကမ္ဘောဒီးယားစွမ်းအင်ဝန်ကြီး Rottanak ကပြောကြားခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here