အန်ဒါမန်ကမ်းရိုးတန်းစီမံကိန်းအစီရင်ခံစာ ဖေဖော်ဝါရီ၌အပြီးတင်မည်

0
25

ဖူးခက်၊အောက်တိုဘာ ၂၁

ထိုင်းနိုင်ငံ၌ အန်ဒမန်ကမ်းရိုးတန်းတစ်လျှောက်ကီလိုမီတာ ၆၀၀ ကျော်ရှည်သည့် လမ်းသစ်များကိုဖောက်လုပ်မည့် ဘတ် ၅၀ ဘီလျံတန် အန်ဒါမန်ရီဗီယေးရား စီမံကိန်း၏ နောက်ဆုံးအစီရင်ခံစာကို ဖေဖော်ဝါရီလ၌ အပြီးသတ်တင်သွင်းမည်ဟု ပို့ဆောင်ရေးနှင့်ယာဉ်မူဝါဒနှင့်စီမံကိန်းရုံးကပြောကြားခဲ့သည်။

အစိုးရအဖွဲ့က အဆိုပါအစီရင်ခံစာကို ထောက်ခံအတည်ပြုပြီး သုံးနှစ်မှလေးနှစ်ခန့်တွင် ၎င်းစီမံကိန်းကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖူးခက်မြို့ရှိ သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ကြောစနစ်ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲညွှန်ကြားရေးမှူး Chaiwat Sangkhaphak က‌ပြောကြားခဲ့သည်။

ယခုလမ်းကွန်ရက်သည် အန်ဒမန်ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်နယ်ခြောက်ခုဖြစ်သည့် ရနောင်း၊ ဖန်းဂါ၊ဖူးခက်၊ခရာဘီ၊ထရန်နှင့် စတွန်စသည့်ပြည်နယ်တို့ကို ဆက်သွယ်ချိတ်ဆက်ပေးမည်ဖြစ်သည်။

လမ်းသစ်များကို လက်ရှိလမ်းများနှင့်ချိတ်ဆက်ဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်းဖောက်ရာ၌ အချို့နေရာများတွင် အမျိုးသားဥယျာဉ်နှင့်ကမ်းရိုးတန်းနယ်မြေများကို ဖြတ်သွားနိုင်ချေရှိသဖြင့် ပတ်ဝန်းကျင်ထိခိုက်နိုင်ချေကိုလည်း ထပ်မံအကဲဖြတ် ဆန်းစစ်သွားမည်ဟုသိရသည်။

“ဒီစီမံချက်ကနေ ဒေသတွင်းကို နိုင်ငံတကာခရီးသွားတွေပိုလာနိုင်ဖို့မျှော်လင့်ထားပြီး ပိုမိုကောင်းမွန်တဲ့ ကားလမ်းကွန်ရက်တွေကြောင့်လည်း သယ်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်မှု ပိုကောင်းမွန်လာမှာပါ” ဟု လည်းပြောကြားခဲ့သည်။

“ဒါကြောင့် ဒီလမ်းကွန်ရက်သစ်ကတစ်ဆင့် နိုင်ငံရဲ့ အစိတ်အပိုင်းဒေသတွေဆီ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုရရှိလာဖို့မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here