ဘီးပေါက်၍ရပ်ထားသည့် FUSO ကားကို SOJEN ကားကနောက်မှဝင်တိုက် ၂ ဦး‌ေ-သဆုံး ၁၂ ဦးဒဏ်ရာရ

0
32

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဘီးပေါက်၍ရပ်ထားသည့် FUSO ကားကို SOJEN ကားကနောက်မှဝင်တိုက်မိခဲ့မှု ယနေ့ အောက်တိုဘာ ၂၂ ရက်နံနက် ၅ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အမြန်လမ်းမကြီး၏ ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၂၄၃/၅ နှင့် ၂၄၃/၆ ကြားတွင် ကားမောင်းသူအပါအဝင် အမျိုးသား၊အမျိုးသမီး(၁၄)ဦးလိုက်ပါလာသည့် SOJEN ကားက ဘီးပေါက်၍ရပ်ထားသော FUSO ကား၏နောက်ပိုင်းကို ဝင်တိုက်မိခဲ့သဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ဘုရားတောင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဉ်ကြောင့် SOJEN ကားပေါ်မှ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား(၅)ဦးနှင့်အမျိုးသမီး(၇)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ‌ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်တွင် FUSO ကားပေါ်မှ အမျိုးသား(၄)ဦး၌ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here