ရေ‌ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့ဟု နစက ဥက္ကဋ္ဌ အသိအမှတ်ပြုပြောကြား

0
28

ရေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်လုပ်ငန်းပမာဏကျယ်ပြန့်၍ နိုင်ငံတော်၏ဘက်ဂျက်အပြင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရန်လိုအပ်သဖြင့် နိုင်ငံတော်အဆင့်အလှူငွေလက်ခံခြင်းကို ၃ ကြိမ်ဆောင်ရွက်ခဲ့ရာ အလှူငွေ(၅၃)ဘီလီယံကျော်ရရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

စက်တင်ဘာ ၂၁ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄)တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ရေဘေးကြောင့် ယနေ့အထိ ‌ေ-သဆုံးသူဦးရေ ၄၄၄ ဦးရှိခဲ့သည်ဟု ပြောသည်။

” ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တာတွေ စေတနာရှင်၊ အလှူရှင်တွေအားလုံးရဲ့ လှူဒါန်းမှုတွေကို နိုင်ငံတော်အနေနဲ့ ကျေးဇူးတင်အသိအမှတ်ပြုမှတ်တမ်းတင်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့အပြင် တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းအနေဖြင့်လည်း သက်ဆိုင်ရာနေရာအသီးသီးသို့သွားရောက်လှူဒါန်းခြင်း၊ ဝိုင်းဝန်းကူညီခြင်းများကိုဆောင်ရွက်ပေးခဲ့ကြကာ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်ဟု နစက ဥက္ကဋ္ဌက အသိအမှတ်ပြု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here