အစ္စရေးက ဒေါ်လာ၅ ဒသမ၂ ဘီလျံတန်ဖိုးရှိ လေကြောင်းကာကွယ်ရေးအကူအညီကိုစတင်အကောင်အထည်ဖော်

0
25

ဂျေရုဆလင်၊အောက်တိုဘာ ၂၁

အစ္စရေးနှင့်အမေရိကမှ တာဝန်ရှိသူများသည် အစ္စရေး၏လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ခိုင်မာအားကောင်းလာစေရန်အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလျံတန်ဖိုးရှိ အရေးပေါ်အကူအညီအစီအစဉ်ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

နှစ်ဖက်တာဝန်ရှိသူများသည် အစ္စရေး၏ Iron Dome ဒုံးကျည်ဖျက်စနစ်၊David’s Sling ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် Iron Beam လေဆာကာကွယ်ရေးစနစ်တို့ကို မြှင့်တင်ပေးမည့် အဆိုပါစီမံကိန်းကို စတင်ရန်အတွက် အပြန်အလှန်စာများပေးပို့ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

ယခုစီမံကိန်းသည် အမေရိက၏ အစ္စရေးသို့ကူညီမည့် ဒေါ်လာ ၈ ဒသမ ၇ ဘီလျံတန်ဖိုးရှိ စစ်ရေးအကူအညီအစီအစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ကျန် ၃ ဒသမ ၅ ဘီလျံမှာမူ စစ်အတွင်းအရေးပေါ်ဝယ်ယူမှုအတွက် အစ္စရေးဘက်ကရရှိပြီးဖြစ်ကြောင်းလည်းသိရသည်။

ဟားမတ်စ်နှင့်အစ္စရေးအကြား ပဋိပက္ခစတင်ဖြစ်ပွားချိန် ယမန်နှစ်အောက်တိုဘာ ၇ ရက်ကတည်းက အမေရိကသည် အစ္စရေးကို လက်နက်များ၊ဗုံးများ၊ခဲယမ်းမီးကျောက်များပေးပို့ခဲ့ကြောင်း အစ္စရေးဘက်မှတရားဝင်ထုတ်ပြန်‌သော သတင်းများအရသိရသည်။

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ တိုက်ခိုက်မှုများပိုမိုမြင့်တက်လာပြီး အရပ်သား‌ေ-သဆုံးထိခိုက်မှုများလာချိန်တွင်မူ အမေရိက၏ အစ္စရေးသို့စစ်ရေးအကူအညီများသည် ဝေဖန်ခံရစရာကိစ္စများလည်းဖြစ်လာခဲ့သည်။

ဂါဇာကျန်းမာရေးအာဏာပိုင်များ၏ထုတ်ပြန်ကြေငြာချက်အရ ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ‌ေ-သဆုံးသူဦးရေသည် ၄၂,၆၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here