ဆော်ဒီအထိစက်ဘီးနင်းပြီး ဒိုလေးကိုတွေ့သည့်တရုတ်ပရိသတ်တစ်ဦး

0
30

တရုတ်နိုင်ငံမှ လူငယ်တစ်ဦးသည် ၎င်းအလွန်နှစ်သက်သည့် အားကစားသမားတစ်ဦးဖြစ်သည့် ရော်နယ်ဒိုနှင့်တွေ့ဆုံခွင့်ရရန် တရုတ်မှဆော်ဒီအာရေးဗျအထိ စက်ဘီးနင်းပြီးသွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ်စတီယာနိုရော်နယ်ဒိုသည် ကမ္ဘာ့ရေပန်းအစားဆုံး အားကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပြီး ၎င်း၏ဖန်အချို့ သည်၎င်းနှင့်တွေ့ခွင့်ရရန် အလွန်ဝေးလံသော ခရီးကို သွားရန် ဝန်မလေးကြပေ။

ရော်နယ်ဒို၏ တရုတ်ပရိသတ်တစ်ဦးဖြစ်သည့် အဆိုပါလူငယ်သည် Al-Shabab နှင့် Pro League တို့၏ပွဲစဉ်အပြီးတွင် ပေါ်တူဂီ အကျော်အမော် ဘောလုံးသမား ဒိုလေးနှင့်တွေ့ဆုံရန် ကီလိုမီတာ ၁၃,၀၀၀ ခရီးကို စက်ဘီးနင်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းအတွက် အဆိုပါခရီးသည် ၆ လနှင့် ရက် ၂၀ ကြာခဲ့ကြောင်းသိရကာ ဒိုလေးအားတွေ့ခွင့်ရချင်သော်လည်း လေယာဉ်ခအတွက် ငွေမတတ်နိုင်သဖြင့် ဆော်ဒီသို့ရောက်ရှိရန် ဤနည်းလမ်းကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါလူငယ်၏ ရည်ရွယ်ချက်ကို ဒိုလေးသိသည့်အခါ ၎င်း၏အိပ်မက်ကိုအကောင်အထည်ဖော်ပေးသည့်အနေဖြင့် လက်ခံတွေ့ဆုံခဲ့ပြီး ဒိုလေးလက်မှတ်ပါ အင်္ကျီနှင့်အတူ ၎င်းနှင့်ဓါတ်ပုံတွဲရိုက်ပြီးအမှတ်တရဖြစ်စေခဲ့ကြောင်းသိရသည်။

Source : ဒေးလီးစပေါ့တ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here