BRICS အစည်းအဝေး တက်မည့် ဂူတာရက်စ်ကို ယူကရိန်း ဝေဖန်

0
27
United Nations Secretary-General Antonio Guterres speaks during the 79th Session of the United Nations General Assembly at the United Nations headquarters in New York City on September 24, 2024. (Photo by TIMOTHY A. CLARY / AFP)

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သောဆွစ်ဇာလန် ငြိမ်းချမ်းရေး ညီလာခံကို မူမတက်ဘဲ BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားခဲ့မှုကိုမူ လက်ခံခဲ့ခြင်းအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

“ဆွစ်ဇာလန်မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဖို့ ယူကရိန်းရဲ့ ဖိတ်ကြားချက်ကို ကုလအတွင်းရေးမှူးချုပ်က ငြင်းဆိုခဲ့ပါတယ်” ဟု နိုင်ငံခြာရေးဝန်ကြီးဌာနက X လူမှုကွန်ရက်ပေါ်တင်ခဲ့သော ပို့စ်တွင် ပြောဆိုသည်။

သို့သော်လည်း သူသည် Kazan တွင်ပြုလုပ်မည့် BRICS အစည်းအဝေးသို့ တက်ရောက်ရန် ပူတင်၏ ဖိတ်ကြားမှုကို လက်ခံခဲ့သည်မှာ ငြိမ်းချမ်းရေးကို ရှေ့မတိုးစေသော မှားယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

BRICS နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို ရုရှားအလယ်ပိုင်းမြို့ Kazan တွင် အင်္ဂါနေ့မှစကာ ပူတင်က လက်ခံကျင်းပခြင်းဖြင့် အနောက်အုပ်စုမဟုတ်သော နိုင်ငံများ၏ သြဇာအာဏာကို ပြသရန် ရည်ရွယ်သည်။ အဆိုပါ အစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ အပါအဝင် BRICS နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်နေကြသည်။

Kazan အစည်းအဝေးသို့ တက်ရောက်ရန် သူ ရည်ရွယ်ထားသည်ဟု ပြီးခဲ့သည့်လက ကုလသမဂ္ဂအထွေထွေညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်ကို ဂူတာရက်စ်က ပြောခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

Ref: အေအိုအယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here