ရန်ကုန်ရှိ ရွှေဆိုင်ပိုင်ရှင်များကို လုံခြုံရေးသတိရှိကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်း သတိပေး

0
40

ရန်ကူန်ုတိုင်း ဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များ လုံခြုံရေးအသိဖြင့် သတိရှိကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်းက ယနေ့ အောက်တိုဘာ (၂၂) ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

ယမန်နေ့ညက လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေ (၅)ပိဿာပါ သေတ္တာသုံးလုံးကို လူ (၆) ဦးက ‌ေ-သနတ်ဖြင့် ပစ်ခတ်လုယက် ဓ-ားပြတိုက်မှု ဖြစ်စဉ်အပြီး ထိုကဲ့သို့ သတိပေးခြင်း ဖြစ်သည်။

သတိပေးချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များအနေဖြင့်မိမိရွှေဆိုင်များတွင် CCTV များ တပ်ဆင်သည့်အတိုင်း မိမိတို့နေထိုင်သည့် အိမ်နေရာ ပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင် CCTV Camera များ တပ်ဆင်ခြင်း၊ အရေးပေါ် Alarm Bell များတပ်ဆင်ခြင်း၊ မိမိတို့ ရွှေငွေ သယ်ဆောင်သည့် ကားများတွင် Camera တပ်ဆင်ခြင်း၊ GPS စနစ်များ ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်ကြရန် တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း ယမန်နေ့ညပိုင်းကဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က အပူတပြင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here