ချမ်းအေးသာစံနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် (၂၂)ရက် ညပိုင်းနှင့် (၂၃)ရက် နံနက်ပိုင်းတို့တွင် မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

0
28

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် အောက်တိုဘာ (၂၂)ရက် ညပိုင်းနှင့် အောက်တိုဘာ (၂၃)ရက် နံနက်ပိုင်းတို့တွင် မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ချမ်းအေးသာစံမြို့နယ် (၆၈)လမ်း၊ (၃၃)လမ်းနှင့် (၃၄)လမ်းကြားတွင် ယနေ့ အောက်တိုဘာ (၂၃)ရက် နံနက် (၇)နာရီခွဲအချိန်ခန့်က လူနေတိုက်ခန်း အရုပ်ရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နယ်မြေခံ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၇)နာရီ (၄၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ (၂၂)ရက်၊ ည (၁၁)နာရီ (၃၁)မိနစ်အချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၃ ဘီ၊ (၁၀၅)လမ်းနှင့် (၁၀၆) လမ်းကြားရှိ လူနေတိုက်ခန်း တစ်ခုတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ချမ်းအေးသာစည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အောင်ပင်လယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပင်လယ်တပ်စု ၁၊၂ စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ည (၁၁)နာရီ (၅၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ မီးလောင်မှု နှစ်ခုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here