စက်ရုပ်ကရေးဆွဲထားသော ပန်းချီကားကို ဒေါ်လာ သိန်းဂဏန်းဖြင့် လေလံတင်မည်

0
20

“အိုင်ဒါ(Ai-Da)”ဟု အမည်ပေးထားသော လူတူအမျိုးသမီးစက်ရုပ်တစ်ရုပ် ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကို လန်ဒန်ရှိ နာမည်ကျော် Sotheby’s လေလံပွဲကြီးတွင် ကန်ဒေါ်လာ သိန်းဂဏန်းဖြင့် လေလံတင်ရောင်းချတော့မည်ဖြစ်သည်။

အိုင်ဒါ ရေးဆွဲထားသောပန်းချီကားမှာ AI နည်းပညာကို ကနဦးအစပျိုးခဲ့သူ သင်္ချာပညာရှင် အလန်တူးရင်း ၏ ပုံတူဖြစ်ပြီး “ခြောက်ခြားဖွယ်”ဟု အမည်ပေးထားသည်။ ပန်းချီကားမှာ ၂ ဒသမ ၂ မီတာ အမြင့်ရှိသည်။ ယင်းပန်းချီကားကို လေလံတင်ရောင်းချရာတွင် စတာလင်ပေါင် တစ်သိန်းမှ တစ်သိန်းခွဲအထိ(ကန်ဒေါ်လာ ၁၃၀၀၀ မှ ၁၉၆၀၀၀ အထိ) ရရှိနိုင်ကြောင်း လေလံပွဲစီစဉ်သူများက ခန့်မှန်းထားကြသည်။

စက်ရုပ် အိုင်ဒါသည် ကမ္ဘာ့အဆင့်အမြင့်ဆုံး စက်ရုပ်များထဲမှ တစ်ခုဖြစ်ပြီး အလွန်လက်တွေ့ကျသော အနုပညာကိုဖန်တီးနိုင်စေရန် AI နည်းပညာကို အသုံးပြုထားသည့်အပြင်၊ မျက်လုံး နှင့် လက်များကိုလည်း ဇီ၀အီလက်ထရွန်းနစ်(Bionic)နည်းပညာဖြင့် ပြုလုပ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here