အမေရိကန်ဒေါ်လာ (၇.၅) သန်းကျော်နှင့် ထိုင်းဘတ်သန်း (၁၅၀) နီးပါးကို ထုတ်ရောင်းထား

0
34

ဗဟိုဘဏ်မှ FX Market Online Trading Platform မှတဆင့်အမေရိကန်ဒေါ်လာ (၇.၅) သန်းကျော်နှင့် ထိုင်းဘတ်သန်း (၁၅၀) နီးပါးကို ထပ်မံထုတ်ရောင်း‌ပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၂) ရက်တွင် ငွေလဲနှုန်း (၃၅၆၁) ကျပ်ဖြင့် အမေရိကန်ဒေါ်လာ (၇.၅) သန်းကျော်နှင့် ငွေလဲနှုန်း (၁၁၅.၉)ကျပ်ဖြင့်ထိုင်းဘတ်သန်း (၁၅၀) နီးပါးကို ထုတ်ရောင်းပေးခဲ့သည်။

ထို့ပြင် အောက်တိုဘာလ (၂၁) ရက်တွင်လည်း FX Market Online Trading Platform မှတဆင့် တစ်ဒေါ်လာ (၃၅၅၆) ကျပ်ဖြင့်ဒေါ်လာ (၂.၂၀၃) သန်းနှင့် တစ်ယွမ် (၅၂၂) ကျပ်ဖြင့် တရုတ်ယွမ် (၁.၅၅၅) သန်း ထုတ်ရောင်းပေးထားခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ် ထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာ (၂၀)ရက်အထိ နှစ်လခွဲကျော်အတွင်း ဒေါ်လာ (၃၉၂.၅)သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီး အလားတူ ထိုင်းဘတ် (၇၁၇) သန်းကျော် နှင့် တရုတ်ယွမ် (၃၂)သန်းခွဲခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here