တည်ငြိမ်မှုနှင့်တရားမျှတမှုကိုထိန်းသိမ်းရန် ရုရှကိုရှီတောင်းဆို

0
22
Russia's President Vladimir Putin meets with Chinese President Xi Jinping on the sidelines of the BRICS summit in Kazan on October 22, 2024. (Photo by Alexander Zemlianichenko / POOL / AFP)

ခါဇန်၊အောက်တိုဘာ ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ‌မြောက်တည်ငြိမ်မှုကိုထိန်းသိမ်းရန်နှင့် နိုင်ငံတကာတရားမျှတမှုကိုမြှင့်တင်ရန် တရုတ်နှင့်ရုရှားတို့အနေဖြင့် ပြီးပြည့်စုံသောမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ဖြင့် လုပ်ဆောင်ရန်ရန်တိုက်တွန်းခဲ့ကြောင်းသိရသည်။

၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံရာတွင် ရှီက ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်သည် ကုလသမဂ္ဂတည်ထောင်မှု နှစ် ၈၀ ပြည့်နှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးအောင်ပွဲလည်းဖြစ်သည်ဟု ၎င်းကမှတ်ချက်ပြုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြသကဲ့သို့ ကမ္ဘာ့အဓိကနိုင်ငံများလည်းဖြစ်သည့် တရုတ်နှင့်ရုရှားတို့သည် ကုလသမဂ္ဂနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးကဲ့သို့သော ဘက်စုံမူဘောင်များအတွင်း ပေါင်းစပ်ညှိနှိုင်းရေးကို အားကောင်းစေသင့်‌ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒုတိယကမ္ဘာစစ်၏သမိုင်းကိုလည်း မှန်ကန်သောအမြင်ရှိကြ‌ရေးကို ပိုမိုမြှင့်တင် ဆောင်ရွက်ကြရန်၊ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်ကိုပါ ထိန်းသိမ်းသင့်ကြောင်းကိုပါ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ရုရှားကလည်း နိုင်ငံတကာရေးရာများတွင် တရုတ်နှင့် အနီးကပ်ဖလှယ်မှုများအပြင် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ပူးတွဲကာကွယ်ကာ ဆက်လက်ထိန်းသိမ်းထားရန်အဆင်သင့်ရှိကြောင်းလည်း ပူတင်ကတုန့်ပြန်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here