မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်တွင် ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများရ

0
22

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင် ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားပြီး အသက် (၅၀)ကျော်အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။

ယနေ့ အောက်တိုဘာ (၂၃)ရက်၊ နေ့လယ် (၁၂)နာရီ (၂၅)မိနစ်အချိန့်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာအရောက် အငှားယာဉ် (၂)စီး အိမ်စီးကား (၁)စီးတို့ ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အသက် (၅၁) နှစ်အရွယ် အမျိုးသား (၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဖြစ်စဉ်နေရာမှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၂)ရက် ညပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အမျိုးသား (၂)ဦး ေ-သဆုံးခဲ့ရပြီး (၁)ဦးမှာ စိုးရိမ်ရဒဏ်ရာများရရှိခဲ့ရာမှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here