(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကို ကျင်းပမည်

0
25

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို လာမည့် နိုဝင်ဘာလတွင် ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီ ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၅)ရက်မှ (၁၀) ရက်အထိ (၆၉)နှစ် မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်ပြီး ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ရိုးရာလှေလှော်နှင့် နဂါးလှေ‌လှော်ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်၊ ဒေသအစားအစာနှင့်မုန့်ဈေးရောင်းပွဲ၊ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ၊ ဇာတ်သဘင်အကအလှများ၊ ဌာနဆိုင်ရာများနှင့် MSMEs ပြခန်းများ၊ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ – (၆၈ )နှစ်ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပနေပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here