ရွှေတိဂုံစေတီ မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ ပြန်လည်ပြုလုပ်မည်

0
17

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် တန်ဆောင်မုန်းလဆန်း ၁၄ရက်၊ နိုဝင်ဘာ ၁၄ ရက်၌ မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ ပြန်လည်ပြုလုပ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယင်း မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကို မကျင်းနိုင်ခဲ့သည်မှာ ငါးနှစ်တာရှိခဲ့ပြီ ဖြစ်ပြီး နောက်ဆုံးကျင်းပခဲ့ခြင်းသည် ၂၀၁၉ ခုနှစ်က ဖြစ်ကြောင်း သိရသည်။

ယခုလာမည့် နိုဝင်ဘာ ၁၄ ရက်တွင် စေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေတွင် ပြန်လည်ကျင်းပမည် ဖြစ်ကာ မသိုးသင်္ကန်းပိတ်စများကို ဝိနည်းတော်နှင့် အညီ ညတွင်းချင်း ချုပ်လုပ်ကြပြီး တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက် အရုဏ်မတက်မီ သတ်မှတ် ရုပ်ပွားတော်များကို ကပ်လှူပူဇော်သွားမည် ဖြစ်သည်ဟုလည်း သိရသည်။

မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၌ ဘာသာရေးအသင်းအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ရက်လုပ်ကြမည် ဖြစ်ကာ ရရှိလာသော ပိတ်သားပြင်ကို အထည်အလိပ်ဆိုင်ရာ ပညာရှင်များက စစ်ဆေးအမှတ်ပေးပြီး ဆုအဆင့်ခွဲခြား သတ်မှတ်ကာ ဆုများ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here