ဟစ်ဇ်ဘိုလာ အကြီးအကဲနေရာ ဆက်ခံမည့်သူကို ထပ်မံရှင်းလင်းလိုက်ကြောင်း အစ္စရေး အတည်ပြု

0
22

အစ္စရေးစစ်တပ်သည် လွန်ခဲ့သော ၃ ပတ်က ဘေရွတ်မြို့ဆင်ခြေဖုံးတွင် မိမိတို့ သုတ်သင်ရှင်လင်းခဲ့ပြီးဖြစ်သော ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah ၏နေရာကို ဆက်ခံမည့် Hashem Safieddine ဆိုသူကို ယခုလအတွင်းတွင် ထပ်မံ သုတ်သင်ရှင်းလင်းခဲ့ကြောင်း အင်္ဂါနေ့က အတည်ပြုပြောကြားလိုက်သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း Hashem Safieddine ၏အမည်ကို အတိအကျမဖော်ပြဘဲ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် တစ်ဦးအား မိမိတို့ အစ္စရေးတပ်ဖွဲ့ဝင်များက သုတ်သင်ရှင်းလင်းခဲ့ကြောင်းကို အောက်တိုဘာ ၈ ရက်ကတည်းကပင်လျှင် ပြောကြားခဲ့သည်။

“အောက်တိုဘာလ အစောပိုင်းက တိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အမှုဆောင်ကောင်စီ အကြီးအကဲ Hashem Safieddine နဲ့ ဟစ်ဇ်ဘိုလာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့ အကြီးအကဲ Ali Hussein Hazima တို့ဟာ တခြားဟစ်ဇ်ဘိုလာ တပ်မှူးတွေနဲ့အတူ ‌ေ-သဆုံးသွားကြောင်း အတည်ပြုနိုင်ပါပြီ” ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အစ္စရေးလေတပ်သည် ဟစ်ဇ်ဘိုလာတို့၏ ထောက်လှမ်းရေးဌာနချုပ်အား တိကျသော ထောက်လှမ်းရေးသတင်းအခြေပြု တိုက်ခိုက်မှုတစ်ခုကို အောက်တိုဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း အင်္ဂါနေ့နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်မှ ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ လေကြောင်း သတင်းထောက်လှမ်းရေးနှင့် သတင်းစုဆောင်းရေး တာဝန်ခံ Bilal Saib Aish အပါအဝင် တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ ၂၅ဝ ကျော်တို့ ထိုနေရာတွင် ရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ ဟစ်ဇ်ဘိုလာတို့ဖက်ကမူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here