ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်(၄)စီး ရန်ကုန်မြို့မှပြန်လည်ထွက်ခွာ

0
16

မြန်မာနိုင်ငံတွင်ပြုလုပ်သည့် ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းနှင့်ချစ်ကြည်ရေးခရီးလာရောက်သည့် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် (၄)စီးသည် ယနေ့ အောက်တိုဘာ ၂၃ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မြန်မာ-ရုရှား ရေ ကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲကို အောက်တိုဘာ ၂၂ ရက်နေ့လည်ပိုင်းက ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ကျင်းပရာ တပ်မတော်(ရေ)နှင့် ရုရှားရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးတို့တက်ရောက်ခဲ့ကြသည်။

ရုရှားရေတပ်မှစစ်ရေယာဥ်များနှင့်စစ်သည်များ သည် မြန်မာနိုင်ငံရောက်ရှိနေချိန်၌ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံစစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာခြင်း၊ ဂုဏ်ပြုညစာစားပွဲများအပြန်အလှန်ကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများကိုဆောင်ရွက်ခဲ့ကြပြီး တပ်မတော်(ရေ) မှ စစ်ရေယာဉ်များနှင့်အတူ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများပူးပေါင်းဆောင်ရွက်ရန် လေ့ကျင့်ခန်းဧရိယာသို့ဆက်လက်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here