ဗြိတိန်လေဘာပါတီက ယူအက်စ်ရွေးကောက်ပွဲကိုစွက်ဖက်‌နေဟုဆို

0
25

ကင်မလာဟဲရစ်အတွက် ကူညီမဲဆွယ်ရန် ပါတီ၏ စေတနာ့ဝန်ထမ်းများသည် အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားသည်ဆိုသော သတင်းများကြောင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၏ လေဘာပါတီသည် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် “ပြည်ပဝင်ရောက်စွက်ဖက်မှု” ကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်‌နေသည်ဟု ဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲမဲဆွယ်အဖွဲ့က စွပ်စွဲခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲ လှုပ်ရှားမှုအဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားချက်တင်ခဲ့ပြီး ဗြိတိန်၏ လေဘာပါတီ၏ တရားမဝင်သော နိုင်ငံရပ်ခြား ပေးကမ်း ထောက်ပံ့မှုများကို ကင်မ်လာဟဲရစ်က သမ္မတအတွက် လက်ခံရယူခဲ့ဖွယ်ရှိ သည့်အတွက် ချက်ချင်း စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

တိုင်ကြားချက်တွင် မီဒီယာသတင်းများနှင့် ယခုအခါ ဖျက်သွားပြီဖြစ်သော လေဘာပါတီ၏ အော်ပရေးရှင်းအကြီးအကဲ ဆိုဖီယာပက်တဲလ်၏ LinkedIn ပို့စ်တစ်ခုတို့ကို ကိုးကားခဲ့သည်။ ဆိုဖီယာပက်တဲလ်က လေဘာပါတီ ဝန်ထမ်း အဟောင်းနှင့် အသစ် ၁၀၀ နီးပါးသည် ဒီမိုကရက်တစ် ဒုတိယ သမ္မတ ဟဲရစ် ရွေးကောက်ခံရရေး ကူညီရန် လာမည့်သီတင်းပတ်များအတွင်း အမေရိကသို့ သွားရောက်မည်ဖြစ်သည်ဟု ပို့စ်တွင် ရေးသားခဲ့သည်။

မိမိတို့၏ ရွေးကောက်ပွဲတွင် ပြည်ပဝင်ရောက်စွက်ဖက်မှု ရှာဖွေသူများကို LinkedIn ပို့စ်ထက် ကျော်လွန်၍ ကြည့်ရန် လိုအပ်ကြောင်းနှင့် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်မှုကို တွေ့ရကြောင်း တိုင်ကြားစာတွင် ဖော်ပြခဲ့သည်။

အမေရိကန် ဒီမိုကရက်တစ်ပါတီကို ၎င်း၏ ညီအစ်မပါတီအဖြစ် ရှုမြင်သည့် ဗဟိုလက်ဝဲ လေဘာပါတီသည် ဇူလိုင်လတွင် အာဏာရခဲ့သည်။ ယင်းနောက်ပိုင်းမှစတင်ကာ စတာမာသည် ထရမ့်ပ်နှင့် ဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားခဲ့ပြီး စက်တင်ဘာလက သူ၏ နူးယော့ခ်ခရီးစဉ်အတွင်း ထရမ့်ပ်တာဝါတွင် ထရမ့်ပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆာမိုအာသို့ လေယာဉ်ဖြင့် ခရီးသွားနေသည့် စတာမာက ယခုတိုင်ကြားချက်ကြောင့် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲတွင် ထရမ့်ပ် အနိုင်ရခဲ့မည်ဆိုပါက ထရမ့်ပ်နှင့် ဆက်ဆံရေးတွင် တင်းမာမှုများရှိလာမည်ဟု မမျှော်လင့်ပါကြောင်းနှင့် လေဘာပါတီ စေတနာ့ဝန်ထမ်းများသည် အမေရိကန် ရွေးကောက်ပွဲတိုင်းတွင် အများအပြား ပါဝင်ခဲ့ကြကြောင်း သတင်းထောက်များကို သူက ပြောဆိုခဲ့သည်။

Ref: စီအင်န်ဘီစီ


LEAVE A REPLY

Please enter your comment!
Please enter your name here