ပခုက္ကူနှင့် မင်းဘူးမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများ ဖြစ်ပေါ်သည့်အတွက် နယ်မြေခံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းပေးလျက်ရှိ

0
17

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများ ဖြစ်ပေါ်လျက်ရှိရာ နယ်မြေခံ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသ ည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေစကြိုကားလမ်း၊ ရွှေချောင်းကွက်သစ်တွင် ယနေ့ အောက်တိုဘာ (၂၄) ရက်၊ နံနက် (၇)နာရီအချိန်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ထိုသို့ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း သတင်းအရ ပခုက္ကူခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းတွင်လည်း ယမန်နေ့ အောက်တိုဘာ (၂၃) ရက်၊ နံနက် (၈)နာရီ မိနစ် (၂၀) အချိန်က နေအိ မ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့သည့်အတွက် မင်းဘူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here