အနောက်တိုင်း ဆေးရောနှောထားသော ဆေးဝါး(၃)မျိုးကို သုံးစွဲခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
28

ကျန်းမာရေးဝန်ကြီးဌာန၏ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဆေးဝါး(၃)မျိုးသည် အနောက်တိုင်းဆေးရောနှောပြီး စံမညီတိုင်းရင်းဆေးဝါးများရောင်းချမှု ရှိနေသောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဈေးကွက်အတွင်းတွေ့ရှိရသော သိဒ္ဓိထွန်း အမှတ်တံဆိပ် အမျိုးသားအားဆေး၊ ဂုဏ်မာန်တစ်ထောင် အမှတ်တံဆိပ် သက်စောင့်အားတိုးဆေးနှင့် ဆောင်တော်ကူး အမှတ်တံဆိပ် အမျိုးသား အကြောအားတိုးဆေးတို့သည် အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်-TMR နံပါတ်အား ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များ အနေဖြင့်လည်း တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီ တိုင်ရင်းဆေးဝါးများ စသည့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းရောင်းချခြင်းများကို ကျင့်ဝတ်အရမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ  (၃၁) ၊ (၃၂) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here