ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံ ဧက ၃သောင်းနီးပါးစိုက်ပျိုးရန်လျာထား

0
16

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ (၂၉၅၄၀) ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသရာသီဥတုနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ်ဆောင်းရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုးဖို့ တောင်သူတွေကို ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးကောင်း မျိုးသန့် စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးစတဲ့ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄ – ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ (၁၃၈၉၆) ဧက၊ နေကြာ (၁၂၃၆) ဧက၊ နှမ်း (၁၄၀၃၃) ဧက၊ မုံညှင်းစေ့ (၃၅ ၇) ဧက စုစုပေါင်း (၂၉၅၄၀) ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

အလားတူ ဓာတုကင်းလွတ်၊ ကျန်းမာရေးနှင့် ညီညွတ်သည့် ဟင်းသီးဟင်းရွက်မျိုးစုံ (၅၇၇)ဧက စိုက်ပျိုးရန် လျာထားပြီး GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှု ကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးသုံးစွဲရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here