တူကီယေး အာကာသကုမ္ပဏီတိုက်ခိုက်ခံရ၍ လူ ၅ ဦး ‌ေ-သဆုံး

0
22
Turkish police officers secure part of the main road leading to the Turkish Aerospace Industries (TAI) building, after a huge explosion at these headquarters, in Kahramankazan, some 40 kilometers (25 miles) north of Ankara on October 23, 2024. - Four people were killed and 14 others wounded in an attack on the headquarters of a top Turkish defence firm TAI, near Ankara, Turkish officials said October 23. (Photo by Adem ALTAN / AFP)

ဖောက်ခွဲရေးပစ္စည်းများနှင့် ရိုင်ဖယ်များ ကိုင်ဆောင်ထားသော တိုက်ခိုက်သူများသည် ဗုဒ္ဓဟူးနေ့က မြို့တော်အန်ကာရာအနီးရှိ တူကီယေးနိုင်ငံပိုင် အာကာသကုမ္ပဏီရုံးချုပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တူရကီအစိုးရတာဝန်ရှိသူများက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း လူ ၅ ဦး‌ေ-သဆုံးခဲ့ကာ ၂၂ ဦး ဒဏ်ရာရခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာက ပြောဆိုပြီး အဆိုပါတိုက်ခိုက်မှု၏ အဖြစ်နိုင်ဆုံး လက်သည်တရားခံသည် တရားမဝင် ကာဒစ္စတန်အလုပ်သမားပါတီ ဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။

ဖြစ်စဉ်တွင် တိုက်ခိုက်သူနှစ်ဦး(အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး) တို့လည်း ‌ေ-သဆုံးခဲ့သည်ဟု သူက ဆိုခဲ့သည်။

တူကီယေး သတင်းကွန်ရက်များပေါ် တင်ခဲ့သော အခင်းဖြစ် ရုပ်သံနှင့် ဆိုရှယ်မီဒီယာပေါ်မှ ဓါတ်ပုံ၊ ဗီဒီယိုများအရ တူကီယေးလေကြောင်းအာကာသ စက်မှုလုပ်ငန်း၏ ကျယ်ပြောသောအဆောက်အအုံတွင် ပေါက်ကွဲသံများနှင့် ‌ေ-သနတ်သံများ ကြားရသည်။ ကျောပိုးအိတ်များလွယ်ထားကာ ချေမှုန်းရေးရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် အဆောက်အအုံတစ်ခုအတွင်း ပြေးဝင်သွားသည်ကိုလည်း မြင်တွေ့ရသည်။ အထူးတပ်ဖွဲ့များဖြန့်ကျက်ခဲ့ကာ ရဲတပ်ဖွဲ့က အခင်းဖြစ်ဧရိယာကို တားမြစ်ပိတ်ဆို့မှုလုပ်ခဲ့ပြီးနောက် အစိုးရက တရားဝင်သတင်းထုတ်ပြန်ချက်များကိုသာ ဖော်ပြရန် ဒေသတွင်းသတင်းဌာနများကို ကန့်သတ်ခဲ့သည်။
          
တိုက်ခိုက်မှုဖြစ်ပွားရာ ခရိုင်၏ မြို့တော်ဝန် Selim Cirpanoglu က အဆောက်အအုံဝန်းအတွင်းရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ဓ-ါးစာခံဖမ်းဆီးမှုများလုပ်ထားကြောင်း တူကီယေးသတင်းမီဒီယာများကို ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းအထိ ယင်းဖြစ်စဉ်ကို မည်သို့ ဖြေရှင်းခဲ့သည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာကလည်း ယခုတိုက်ခိုက်မှုနောက်ကွယ်တွင် အဆိုပါ ပါတီ ပါဝင်သည်ဟု ယူဆရကြောင်း အခင်းဖြစ်နေရာအနီးရှိ သတင်းထောက်များကို ပြောဆိုခဲ့သည်။

နောက်ပိုင်းတွင် တူကီယေးက အီရတ်နိုင်ငံမြောက်ပိုင်းနှင့် ဆီးရီးယားရှိ ၎င်းပါတီပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု တူကီယေး ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ပစ်မှတ် ၃၂ ခုကို ဖျက်ဆီးပစ်ခဲ့သည်ဟု တူရကီသတင်းဌာနများက ဖော်ပြခဲ့သည်။

Ref: နူးယော့ခ်တိုင်းမ်


LEAVE A REPLY

Please enter your comment!
Please enter your name here