အိန္ဒိယ၌ဆိုက်ကလုန်းကြောင့် ရထားနှင့်လေကြောင်းခရီးစဉ်များရပ်နား

0
29
Dark clouds loom over the Bay of Bengal as local people and tourists stand along a beach in Digha, around 200km southwest of Kolkata, on October 24, 2024, as cyclone Dana is likely to hit the coasts of India's West Bengal and Odisha states. - At least 1.1 million people on India's eastern coast are fleeing to storm shelters inland, hours before a powerful cyclone is expected to hammer the low-lying region, ministers said on October 24. (Photo by Dibyangshu SARKAR / AFP)

နူးဒေလီ၊အောက်တိုဘာ ၂၃

အိန္ဒိယအာဏာပိုင်များသည် ဆိုက်ကလုန်း မုန်တိုင်း ဒါနာဝင်ရောက်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကိုးလ်ကတ္တားလေဆိပ်ရှိလေကြောင်းခရီးစဉ်များနှင့် ရထားပြေးဆွဲမှုများကို ယာယီရပ်နားလိုက်ကြောင်းသိရသည်။

ဆိုက်ကလုန်းဒါနာသည် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ကြာသပတေးနေ့ညတွင် အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်သို့ တစ်နာရီလျှင်လေတိုက်နှုန်း ၁၀၀ မှ ၁၂၀ ကီလိုမီတာနှုန်းဖြင့် ကုန်းတွင်းပိုင်းသို့ဝင်ရောက်နိုင်ခြေရှိကြောင်းလည်းခန့်မှန်းထားသည်။

ဒါနာဝင်ရောက်နိုင်ခြေကိုတွက်ဆပြီး ကိုလ်းကတ္တားလေဆိပ်ရှိ လေယာဉ်ခရီးစဉ်များကို အောက်တိုဘာ ၂၄ ရက်နှင့် အောက်တိုဘာ ၂၅ ရက်များတွင် ယာယီရပ်နားထားကာ နိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများရှိ ရထားခရီးစဉ် ၁၅၀ ကျော်ကိုလမ်း ရပ်နားထားခဲ့ရသည်ဟုသိရသည်။

ဩရိသပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးကမူ ၎င်းတို့အာဏာပိုင်များအနေဖြင့် ယာယီခိုလှုံရေးစင်တာပေါင်း ၅,၀၀၀ ကျော်ကိုပြင်ဆင်ထားပြီးဖြစ်ကာ အဆိုပါပမာဏသည် မုန်တိုင်းဘေးသင့်ဒေသများမှ ပြည်သူပေါင်း တစ်သန်းခန့်ကိုနေရာချထားပေးနိုင်ကြောင်း‌ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here