ရွှေထည်ပစ္စည်း (၅) ပိဿာအား လုယက်ယူ‌ဆောင်သွားသူများကို ရက်ပိုင်းအတွင်းဖမ်းမိ

0
100

ရွှေထည်ပစ္စည်း (၅)ပိဿာပါ သေတ္တာ (၃)လုံးကို ‌ေ-သနတ်ပစ်ခတ်လုယက်သူများကို ရက်ပိုင်းအတွင်းဖမ်းမိခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်မှတဆင့် သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၁)ရက် ၊ ညနေ (၆)ခွဲ နာရီအချိန် မြရွှေယုန်ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် သေတ္တာ (၃) လုံးဖြင့် ထည့်ထားသည့် ရွှေထည်ငါးပိဿာကို လှိုင်မြို့နယ် ၊ (၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂)ရှေ့တွင် ‌ေ-သနတ်ဖြင့် ပ-စ်ခတ်လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်သည့် တရားခံများအား ယမန်နေ့ အောက်တိုဘာလ(၂၃)ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်များတွင် CCTV တပ်ဆင်ထားသည့်အတိုင်း မိမိတို့ နေထိုင်ရာ အိမ်နေရာပတ်ဝန်းကျင်နှင့်ကားပါကင်နေရာများတွင် CCTV Camera များတပ်ဆင်ခြင်း၊ အ‌ရေးပေါ် Alarm Bell များတပ်ဆင်ခြင်း ၊ မိမိတို့ရွှေ၊ငွေသယ်ဆောင်သည့် ကားများတွင် Camera များတပ်ဆင်ခြင်း၊ GPS စနစ်များထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒုစရိုက်လုယက်မှုများမဖြစ်ပေါ်အောင် ကာကွယ်နိုင်ရန် ရန်ကုန်ရွှေအသင်းက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here