(၅)ရက်ကြာ ပြုလုပ်နေသည့်ဖီဖာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာတက်ရောက်

0
14

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်မှု ပိုမိုကောင်းမွန်လာရေးအတွက် အောက်တိုဘာ (၂၁)ရက်မှ (၂၅) ရက်အထိ (၅)ရက်ကြာ ပြုလုပ်နေသည့် ဖီဖာအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် နည်းစနစ်ဒါရိုက်တာ မိတမီချီတဲရိုတို့တက်ရောက်နေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို လတ်ဗီးယားနိုင်ငံတွင် ပြုလုပ်နေခြင်းဖြစ်ကာ ဖီဖာနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာရေးအပါအဝင် နည်းစနစ်ဒါရိုက်တာ အသစ်များ၏ လုပ်ငန်းတာဝန်များ ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုများ ကောင်းမွန်လာစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း MFF က ယနေ့ အသိပေးထားသည်။

ဆွေးနွေးပွဲသို့ ဆွီဒင်၊ ချီလီ၊ ကနေဒါ၊ အီကွေတိုရီယယ် ဂူနီယာနှင့် မြန်မာနိုင်ငံမှအထွေထွေအတွင်းရေးမှူးအသစ်များ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်းများအနေဖြင့် ဖီဖာ (FIFA)က ဦးဆောင်ကျင်းပသည့် ပြိုင်ပွဲများ ၊ ကမ္ဘာ့ဖလားဝင်ရောက်ခွင့် ခြေစစ်ပွဲများနှင့် အခြား ခြေစမ်းပွဲများကို သက်တမ်းအလိုက်ဝင်ရောက်ယှဉ်ပြိုင်ကစားလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here