၁၈ မိုင် ဆရာတော် ပြည်ပသာသနာပြုခရီးစဉ် ကြွ

0
23

၁၈ မိုင် တောရစခန်း နာယက ဆရာတော် ဒေါက်တာ အရှင်စကြာဝဋ္ဌာသည် နောက်ပါ သံဃာ(၃)ပါးနှင့်အတူ အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံများသို့ (၈)ရက်ကြာ ပြည်ပသာသနာပြုခရီးစဉ်အဖြစ်အောက်တိုဘာ(၂၃)ရက် ညနေပိုင်းက MNA လေကြောင်းလိုင်းဖြင့် ကြွရောက်ထွက်ခွာသွားကြောင်း သိရသည်။

ဆရာတော်နှင့်အတူ တရားစခန်းပွဲတက်ရောက်ရန် လူပုဂ္ဂိုလ်ယောဂီ (၇၁)ဦး လိုက်ပါသွားပြီး အောက်တိုဘာ (၂၄)ရက် အာရုဏ်တက်မှ စ၍ ဗုဒ္ဓဂါယာတွင် တရားစခန်းကို (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာ (၂၇)ရက်တွင် ကာလကတ္တားမှ တဆင့် ဘူတန်နိုင်ငံသို့ ဆက်လက်ကြွချီကာ တရားပြသမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ အောက်တိုဘာ (၃၁)ရက် ညပိုင်းတွင် ပြန်လည်ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here