ရုရှားတွင်ရှိနေသော မြောက်ကိုရီးယားတပ်များသည် ယူကရိန်းစစ်မြေပြင်တွင် ‘တရားဝင်စစ်ရေးပစ်မှတ်များ’ ဖြစ်လာလိမ့်မည်ဟု အမေရိကန်ဆို

0
19

ရုရှားတွင် မြောက်ကိုရီးယား စစ်သား ၃၀၀၀ ထက်မနည်း လေ့ကျင့်မှု ခံယူနေကြောင်း အမေရိကန် အစိုးရတွင် သက်သေ အထောက်အထားများ ရှိသည်ဟု သမ္မတဘိုင်ဒန်အစိုးရ၏ အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ တပ်ဖွဲ့ဝင်များသည် ယူကရိန်းစစ်မြေပြင်တွင် တရားဝင် စစ်ရေး ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီယာဘီကပြောသည်။

“ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကျွန်တော်တို့ ကြိုမြင်ကြိုသိနေပါတယ်။ ပြီးတော့ ယူကရိန်းနိုင်ငံသားတွေ အပါအဝင် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ မိတ်ဖက်တွေနဲ့လည်း အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာတွေ ဆက်ဖြစ်မလဲ၊ ဘယ်လိုကိုင်တွယ်ကြမလဲ ဆိုတာကို ဆွေးနွေးသွားမှာပါ။ ဒီမြောက်ကိုရီးယားတပ်တွေကို ယူကရိန်းကို တိုက်ခိုက်ရာမှာ ထည့်သုံးမယ်ဆိုရင်တော့ သူတို့ဟာ တရားဝင်စစ်ရေးပစ်မှတ်ဖြစ်လာလိမ့်မယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီယာဘီ က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းတိုက်ပွဲများတွင် မြောက်ကိုရီးယားစစ်သားတို့ ပါဝင်လာမည်ဆိုခြင်းကိုမူ အမေရိကန်အစိုးရက အတိအကျ မသိရသေးကြောင်းကို သူက ထပ်ခါတလဲလဲ ပြောဆိုခဲ့သော်လည်း ထိုသို့ပြုလုပ်လျှင်မူ ဆိုးရွားသောနောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့သည်။

ထောက်လှမ်းရေးသတင်းအသစ်များကို ကိုးကား၍ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၃,၀၀၀ ထက်မနည်းတို့သည် စစ်ပွဲတွင် ပါဝင်မည်ဆိုသည်ကို မသိရသေးသော်လည်း တိုက်ခိုက်ရေး လေ့ကျင့်မှုများ ရုရှားတွင် ပြုလုပ်နေသည်ဟု သမ္မတဘိုင်ဒန်အစိုးရ၏ အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here