မြင်းခြံမြို့နယ်တွင် ပြောင်းပြာချောင်းရေ မြင့်တက်လာသည့်အတွက် ချောင်းအနီးရှိ အိမ်ထောင်စုများ ရေဘေးလွတ်ရာသို့ ညတွင်းချင်း ရွှေ့ပြောင်းပေးနေရ

0
16

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပြောင်းပြာချောင်းရေ မြင့်တက်လာမှုကြောင့် ပြောင်းပြာချောင်းအနီးရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ညတွင်းချင်း ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ကြောင်း မြင်းခြံမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ယနေ့ အောက်တိုဘာ (၂၄)ရက်၊ ည (၇)နာရီ မိနစ် (၂၀) အချိန်ခန့်က မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပြောင်းပြာချောင်းရေ မြင့်တက်လာရာ ချောင်းအနီးရှိ အိမ်ထောင်စုများအား မြင်းခြံခရိုင်နှင့် မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ (၂၂)ရက်ကလည်း မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး စွန်းလွန်းချောင်းရေ မြင့်တက်လာသည့်အတွက် အောက်တိုဘာ (၂၃) ရက်၊ နံနက်အစောပိုင်း(၂)နာရီအချိန်တွင် ချောင်းအနီးရှိ အိမ်ထောင်စုများ အား မြင်းခြံခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရေဘေးလွတ်ရာသို့ ညတွင်းချင်း ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here