ကာ့စ်ဒေသသို့ မြောက်ကိုရီးယားတပ်ဖွဲ့များ ဖြန့်ကျက်လိုက်ပြီ–ယူကရိန်း

0
22

မော်စကို၊အောက်တိုဘာ ၂၅

ရုရှား၌ လေ့ကျင့်သင်ကြားပေးထားသည့် မြောက်ကိုရီးယားတပ်ဖွဲ့များ၏ ပထမဆုံးအသုတ်ကို ကာ့စ်ဒေသသို့ဖြန့်ကျက်‌နေရာချလိုက်ပြီဖြစ်ကြောင်း ယူကရိန်းထောက်လှမ်းရေးအေဂျင်စီ၏ပြောကြားချက်အရသိရသည်။

ခရမ်မလင်သည် မြောက်ကိုရီးယားတပ်များနှင့်ပတ်သက်သည့်သတင်းများကို ယခင်က သတင်းတုများဟု ငြင်းခဲ့သော်လည်း နောက်ပိုင်းတွင်ပြုံယမ်းနှင့် မိတ်ဖက်သဘောတူစာချုပ် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်းဆိုကာ မြောက်ကိုရီးယားတပ်များကိစ္စကို ငြင်းဆိုခြင်းမရှိတော့ပေ။

“ရုရှားအရှေ့ပိုင်းမှာ လေ့ကျင့်သင်ကြားခဲ့တဲ့ မြောက်ကိုရီးယားရဲ့ပထမဆုံးတပ်ဖွဲ့တွေဟာ ရုရှား – ယူကရိန်းစစ်ရဲ့ တိုက်ခိုက်ရေးဇုန်ထဲကိုရောက်နေပါပြီ၊အထူးသဖြင့် အဲ့ဒီတပ်တွေက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၃  ရက်နေ့မှာ ကာ့စ်ဒေသကို‌ရောက်လာတာပါ” ဟုလည်း ယူကရိန်း ထောက်လှမ်းရေးအေဂျင်စီ၏ သတင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရာရှိ ၅၀၀ နှင့် ဗိုလ်ချုပ်သုံးဦးအပါအဝင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂,၀၀၀ ခန့်သည် ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကာ စစ်အခြေစိုက်စခန်းငါးခုတွင် လေ့ကျင့်မှုများပြုလုပ်နေသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here