ကလေး ၁၇ ဦးလူကုန်ကူးသူအမျိုးသမီး ကို သေဒဏ်ချ

0
37

ဂွေယန်၊အောက်တိုဘာ ၂၅

တရုတ်နိုင်ငံ၌ ပြန်လည် တရားစီရင်ခဲ့သည့်အမှုတစ်ခုတွင်အမျိုးသမီးတစ်ဦးသည် ကလေး ၁၇ ဦးအားခိုးယူကာ လူကုန်ကူးမှုဖြင့် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်‌ပေးခဲ့ကြောင်းသိရသည်။

Yu Huaying အမည်ရှိအဆိုပါအမျိုးသမီးသည် ကွေ့ကျိုးနှင့် ချုံချင်းပြည်နယ်မှ ကလေး ၁၁ ယောက်ကို ဖမ်းဆီးကာ လူကုန်ကူးခဲ့ပြီး အကျိုးအမြတ်အတွက်ရောင်းချခဲ့ကြောင်းသိရသည်။သို့သော်အဆိုပါပြစ်မှုများအတွက်၎င်းက ချက်ချင်းအယူခံဝင်ခဲ့သည်။

ယခုအမှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်ကွေ့ကျိုးပြည်နယ်တရားရုံးက ဒုတိယမြောက်ရုံးချိန်းကို ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်တရားခံသည် ကလေးလူကုန်ကူးမှုတွင် ပါဝင်ပတ်သက်ကြောင်းတွေ့ရှိရသဖြင့် အမှုကိုပြန်လည်စစ်ဆေးရန် အမိန့်ပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း လူကုန်ကူးခံရသည့် ကလေးအရေအတွက်မှာ ၁၁ ဦးမှ ၁၇ ဦးအထိ မြင့်တက်လာခဲ့သည်။လူကုန်ကူးခံရသူကလေးများသည် မိသားစု ၁၂ စုမှက‌လေးများဖြစ်ပြီး ၎င်းတို့အနက်မိသားစုငါးစုမှာ တကြိမ်တည်း ကလေးနှစ်ဦးပါသွားခဲ့ခြင်းဖြစ်ကြောင်း တရားရုံးကပြောကြားခဲ့ပြီး အချို့ကလေးများသည် လမ်းခုလတ်တွင်ပင်စွန့်ပစ်ခံခဲ့ရသည်ဟုလည်းသိရသည်။

တရားခံအမျိုးသမီးသည်လည်း ၎င်း၏ နိုင်ငံသားအခွင့်အရေးများကို တစ်သက်တာလုံးဆုံးရှုံးခဲ့ရပြီးပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်သိမ်းသွားမည်ဖြစ်သည်ဟုဆိုသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here