ဖိလစ်ပိုင်မုန်တိုင်းကြောင့် ၈၁ ဦးအထိ ‌ေ-သဆုံး၊ လူ၂၀ ပျောက်ဆုံးနေ

0
19

မနီလာ၊အောက်တိုဘာ ၂၅

ဖိလစ်ပိုင်နိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ‌ေ-သဆုံးသူဦးရေသည် ၈၁ ဦးအထိမြင့်တက်လာပြီး လူ ၂၀ ထက်မနည်း မှာပျောက်ဆုံးနေကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

မြို့ပြကာကွယ်ရေးရုံးမှ စီမံခန့်ခွဲရေးအရာရှိ Ariel Nepomuceno ကမူ နိုင်ငံတစ်ဝန်းရှိ ဒေသကိုးခုတွင် ထရီမီကြောင့်‌ေ-သဆုံးမှုများရှိခဲ့ကာ မနီလာမြို့ အရှေ့တောင်ဘက်တွင် ‌ေ-သဆုံးသူ ၂၈ ဦး၊ကလာဘာဇွန်ဒေသတွင် ၁၅ ဦးရှိသည်ဟုပြောကြားခဲ့သည်။

ဖိလစ်ပိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းရှိဒေသများတွင်လည်း ‌ေ-သဆုံးမှုများရှိကာ ယခုနှစ်အတွင်း ဖိလစ်ပိုင်ကိုဝင်ရောက်တိုက်ခတ်ခဲ့သည့် ၁၁ ခုမြောက် တိုင်ဖွန်း ထရီမီသည် လူဇုံကျွန်းကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး Bicol နှင့် Calabarzon ဒေသများ၌ ဆိုးရွားသော ရေလွှမ်းမိုးမှုများနှင့်မြေပြိုမှုများဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်။

မုန်တိုင်းကြောင့် ဒေသ ၁၅ ခုမှ လူပေါင်း ၂ ဒသမ ၆ သန်းကျော်ထက်မနည်းကိုထိခိုက်ခဲ့ကြောင်း နိုင်ငံတော် သဘာဝဘေး အန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့နှင့် အခြားသက်‌ဆိုင်ရာအေဂျင်စီများသည် ထရီမီ၏ အခြေအနေကို ဆက်လက်အကဲဖြတ်စောင့်ကြည့်နေခြင်းကြောင့် ‌ေ-သဆုံးသူအရေအတွက် အပါအဝင် ပျက်စီးဆုံးရှုံးမှုပမာဏလည်းမြင့်တက်လာနိုင်ကြောင်းသိရသည်။

သောကြာနေ့အထိ ဖိလစ်ပိုင်တစ်နိုင်ငံလုံးတွင် လမ်းပေါင်း ၂၉၃ လမ်းနှင့် တံတား စုစုပေါင်း ၆၇ စင်း ကိုဖြတ်သန်းသွားလာ၍ မရသေးကြောင်းသိရပြီး အချို့ဒေသများတွင် လျှပ်စစ်ဓာတ်အားပြန်လည်မရှိသေးဟုလည်းသိရသည်။

ထရီမီသည် သောကြာနေ့မွန်းလွဲပိုင်း သို့မဟုတ် ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာမည်ဟု ပြည်နယ်မိုးလေဝသဌာနကခန့်မှန်းထားပြီး ဖိလစ်ပိုင် ကို နှစ်စဉ် ပျမ်းမျှအားဖြင့် တိုက်ဖွန်းမုန်တိုင်း 20 ခန့် ဝင်တိုက်ခတ်လေ့ရှိကြောင်းလည်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here