ဟားမတ်စ်ခေါင်းဆောင် ‌ေ-သဆုံးမှုသည် မတော်တဆဖြစ်ကြောင်း အစ္စရေးစစ်ဦးစီးချုပ်ဆို

0
21

ဂါဇာတွင် ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar ကို ဖယ်ရှားရှင်းလင်းခြင်းသည် ကြိုတင်စီစဉ်ထားသည့် စစ်ဆင်ရေးမဟုတ်ကြောင်း အစ္စရေး IDF စစ်ဦးစီးချုပ် Herzi Halevi က ပြောကြားခဲ့သည်။

“Yahya Sinwar ကို ဖယ်ရှားရေးဟာ ကြိုတင်စီစဉ်ထားတာ မဟုတ်ပါဘူး” ဟု ဂါဇာမြောက်ပိုင်းသို့ ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း IDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IDF စစ်ဦးစီးချုပ်၏ အဆိုအရ Sinwar ကို ပစ်ခတ်ခဲ့သော တပ်ဖွဲ့ဝင်များပါဝင်သည့် IDF တပ်မဟာ ၄၅၀ ထိုဒေသတွင် ရှိနေခြင်းသည်လည်း ကြိုတင်စီစဉ်ထားခြင်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့ ဘယ်သူ့ကို ပ-စ်ခတ်လိုက်တယ်ဆိုတာကိုတောင် သူတို့မသိပါဘူး” လို့ Halevi က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့ဝင် သုံးဦးကို ရှင်းလင်းခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဟားမတ်စ်ခေါင်းဆောင် ဖြစ်နိုင်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ နာရီအနည်းငယ်အကြာတွင်မူ ရုပ်အလေ-ာင်းများအနက် တစ်လောင်းသည် Yahya Sinwar ဖြစ်ကြောင်း IDF က အတည်ပြုခဲ့သည်။ ဟားမတ်စ်တို့ကလည်း ၎င်းတို့၏ခေါင်းဆောင်‌ေ-သဆုံးမှုကို အောက်တိုဘာ ၁၈ ရက်က အတည်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here