ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း

0
10

နစက မှ နိုင်ငံအတွင်း ရွှေစျေးနှုန်းတည်ငြိမ်မှန် ကန်စေရန် အမိန့်အမှတ် ၃၆/၂၀၂၄ ဖြင့် ဓာတ် သတ္တု(ရွှေ)ရည်ညွှန်းစျေးသတ်မှတ်ရေးကော်မ တီအားဖွဲ့စည်းခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်ကထုတ်ပြန်ခဲ့သည်။

အဆိုပါ ကော်မတီအား နေ့စဥ် ရွှေရည်ညွှန်းစျေးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ထုတ်ပြန်နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်မတီ၏ ဒု-ဥက္ကဋ္ဌအဖြစ် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌမှတာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူးတစ်ဦး၊ တွဲဘက်အတွင်းရေးမှူး(၂)ဦးနှင့်အဖွဲ့ဝင်(၁၀)ဦးပါဝင်ကာ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ရွှေရည်ညွှန်းစျေးကို နေ့စဥ် အွန်လိုင်းအစည်းအဝေးပြုလုပ်၍ အတည်ပြုသတ်မှတ်ထုတ်ပြန်ပေးရမည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်ထုတ်ပြန်ခဲ့သည့် ရွှေရည်ညွှန်းစျေးအား ပြည်သူများသိရှိနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးနှုန်းထူးခြားစွာပြောင်းလဲခဲ့ပါက ရွှေရည်ညွှန်းစျေးအား အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းထုတ်ပြန်ပေးရမည်ဖြစ်သည်။

ထို့အတူ ရွှေစျေးနှုန်းမတည်ငြိမ်စေရန် ရည်ရွယ်လုပ်ဆောင်မှုများကို ကာကွယ်တားဆီးခြင်း၊ ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်း/မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here