မြန်မာ-ဗီယက်နမ် အုပ်စုအဆင့် ဒုတိယအကျော့ ခြေစမ်းပွဲ မြန်မာထပ်ရှုံးပြန်

0
21

၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စုအဆင့် ဒုတိယအကျော့ခြေစမ်းပွဲစဥ်ကို ယမန်နေ့ အောက်တိုဘာ (၂၅)ရက်ညနေပိုင်းက မြန်မာနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်း ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်။

ယနေ့ ပွဲစဉ်၌ ပထမပိုင်းပွဲချိန်တွင် နှစ်ဘက်အသင်း ဂိုးမသွင်းနိုင်ကြဘဲ ဒုတိယပိုင်းပွဲချိန်တွင် ဗီယက်နမ်အသင်းဘက် မှ၂ ဂိုး ဆက်တိုက်သွင်းယူ၍ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာယူ-၁၇အသင်းအနေဖြင့် ယီမင်အသင်းအား ၆ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ထားသလို ဗီယက်နမ်အသင်းကိုလည်း ၆ ဂိုး ၁ ဂိုးဖြင့် ရှူံးနိမ့်ထားသည်။

အုပ်စုနောက်ဆုံးပွဲစဉ်ကို အောက်တိုဘာ ၂၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃နာရီခွဲအချိန်၌ ကာဂျစ္စတန်အသင်းဖြင့် နေယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာရှ ယူ-၁၇ ခြေစစ်ပွဲတွင် မြန်မာအသင်းအနေဖြင့် အုပ်စု (I)၌ ဗီယက်နမ်၊ ကာဂျစ္စတန်နှင့် ယီမင် ယူ-၁၇ အသင်းတို့တစ်အုပ်စုတည်းကျရောက်နေပြီး၊ ခြေစစ်ပွဲကို အုပ်စု ၁၀ စုခွဲ၍ ကျင်းပလျှက်ရှိပြီး အုပ်စု ပထမရရှိသည့် ၁၀ သင်း၊ အကောင်းဆုံး အုပ်စု ဒုတိယရသည့် ၅ သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ ၂၀၂၅ အာရှဖလားပြိုင်ပွဲကို ဆော်ဒအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ – အုပ်စုအဆင့် ဒုတိယအကျော့ဗီယက်နမ် -မြန်မာ ပွဲစဉ်အတွင်း ပုံရိပ်အချို့


LEAVE A REPLY

Please enter your comment!
Please enter your name here