မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုရရှိ

0
19

မလေးရှားနိုင်ငံတွင် (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ Best Team Leader ဆုအား ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် အောက်တိုဘာ (၂၂)ရက်၊ အောက်တိုဘာ (၂၄)ရက်အထိ ကျင်းပခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ (Malaysia International Rescue Extrication Challenge-MIREC)တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင်မှုဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို အိမ်ရှင် မလေးရှားနိုင်ငံအပါအဝင် မက္ကာအို၊ စင်ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်စသည့် နိုင်ငံပေါင်း (၉) နိုင်ငံမှ အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုအား ဆွတ်ခူးနိုင်ခဲ့ပြီး အောက်တိုဘာ (၂၅)ရက်၊ နေ့လယ် (၁)နာရီ၊ မိနစ် (၂၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here