အင်းစိန်၊ မင်္ဂလာဒုံနှင့် မရမ်းကုန်းမြို့နယ် ရပ်ကွက်နေရာအချို့တွင် အောက်တိုဘာ(၂၇)ရက်၊ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီထိ ယာယီ ဓာတ်အားပြတ်တောက်မည်

0
23

66kV ရွာမ-စိန်ပန်းမြိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည် ဖြစ်သောကြောင့် အောက်တိုဘာ(၂၇)ရက်၊ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီ အချိန်ထိ အင်းစိန်၊ မင်္ဂလာဒုံနှင့် မရမ်းကုန်းမြို့နယ် ရပ်ကွက်နေရာအချို့တွင် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်သည်။

230kV ရွာမဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV ရွာမ-စိန်ပန်းမြိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် အောက်တိုဘာ(၂၇)ရက်၊ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များရှိ ရပ်ကွက်နေရာအချိုတို့တွင် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။

သို့သော် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း YESC မှ အသိပေးထုတ်ပြန်လိုက်သည်။

အလားတူ ယနေ့ အောက်တိုဘာ(၂၆) ရက်တွင်လည်း မရမ်းကုန်းမြို့နယ်၊ 66kV စိန်ပန်းမြိုင်-တောင်ကမ္ဘာအေး ဓာတ်အားလိုင်းအား ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သောကြောင့် နံနက် (၁၁)နာရီမှ နေ့လယ်(၁)နာရီအတွင်းမှာလည်း မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here