MNA လေကြောင်းလိုင်းမှ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်ကို အချိန်ပြောင်းလဲ ပျံသန်းပြေးဆွဲမည်

0
43

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်များကို အောက်တိုဘာ (၂၇) ရက်မှစတင်၍အချိန်ပြောင်းလဲ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန်မှ နံနက် (၁၁) နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ မွန်းလွဲ (၁၂) နာရီ (၁၀) မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ မွန်းလွဲ (၁၂) နာရီ (၂၅) မိနစ်တွင်ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ (၂) နာရီ (၁၀) မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ (၂) နာရီ (၂၅) မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ မွန်းလွဲ (၃) နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

တနင်္လာနေ့တွင် မန္တလေး- ညောင်ဦး – ပုသိမ် – ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ (၂) နာရီ မိနစ် (၂၀) တွင် ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ (၂) နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ (၃) နာရီ (၁၀) မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ (၄) နာရီ (၅၅) မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ (၅) နာရီ (၁၀) မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ (၅) နာရီ မိနစ် (၅၀) တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ (၁၆ဝဝဝဝ)ကျပ်၊
ပုသိမ်မှ ညောင်ဦးသို့ (၁၉ဝဝဝဝ) ကျပ်၊ မန္တလေးမှ ညောင်ဦးသို့ (၁၁ဝဝဝဝ) ကျပ်၊ ရန်ကုန်မှ ညောင်ဦးသို့ (၂၉၀၀၀၀)ကျပ်၊ မန္တလေးမှ ပုသိမ်သို့ (၃၆၀၀၀၀) ကျပ်သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here