နယ်စပ် သဘောတူစာချုပ်အသစ်ကို တရုတ်နှင့် အိန္ဒိယ စတင်အကောင်အထည်ဖော်

0
42

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ အငြင်းပွားနေသော ဟိမဝန္တာနယ်စပ်တွင် စစ်ရေးတင်းမာနေမှုကို အဆုံးသတ်ရန် သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်နေပြီဟု နှစ်ဖက်စလုံးက သောကြာနေ့တွင် ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် လေးနှစ်ခန့်က ၎င်းတို့၏ စစ်တပ်များအကြား အ‌ေ-သအပျောက်ရှိသော တိုက်ခိုက်မှုများဖြစ်ခဲ့ပြီးနောက်ပိုင်း အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေး ကြဲလာခဲ့သည်။

အနောက်ပိုင်း ဟိမဝန္တာနယ်စပ်တွင် ရန်လိုနေခဲ့သည့် နယ်မြေနှစ်ခုမှ တပ်ဖွဲ့ဝင်များသည် စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့သည်။

နယ်စပ်ကင်းလှည့်မှုအစီအစဉ်နှင့် ပတ်သက်၍ နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံအကြား ယခုသီတင်းပတ်အစောပိုင်းတွင် သဘောတူညီချက်ရခဲ့ခြင်းက ရုရှားနိုင်ငံတွင် ကျင်းပသည့် ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးပြင်ပတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့အကြား ငါးနှစ်အတွင်း ပထမဆုံး တရားဝင်ဆွေးနွေးရန်လမ်းခင်းပေးခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့အကြား မကြာခင်က သဘောတူညီခဲ့သော ဖြေရှင်းချက်အရ နှစ်နိုင်ငံရှေ့တန်းတပ်များသည် သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို ချောချောမွေ့မွေ့အကောင်အထည်ဖော်နေကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက သောကြာနေ့တွင် ပြောဆိုသည်။

ထို့အပြင် အခြေအနေအသေးစိတ်ကို သိရှိထားသည့် နူးဒေလီရှိ အိန္ဒိယအစိုးရအရာရှိတစ်ဦးကလည်း မျက်နှင်ချင်းဆိုင်နေသည့် နေရာများအဖြစ် နောက်ဆုံးကျန်ရှိသည့် Depsang နှင့် Demchok ဧရိယာများမှ နှစ်ဖက်တပ်များ လည်းစတင်ရုပ်သိမ်းနေပြီဟု ပြောဆိုခဲ့သည်။

သဘောတူစာချုပ်သစ်၏ အသေးစိတ်အချက်အလက်များကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်းမရှိသော်လည်း ၂၀၂၀ ပြည့်နှစ်က အိန္ဒိယစစ်သား ၂၀ ဦးနှင့် တရုတ်စစ်သား လေးဦး ‌ေ-သဆုံးခဲ့သော အ‌ေ-သအပျောက်ရှိသော တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် နိုင်ငံရေး၊ စီးပွားရေးဆက်ဆံမှုကို ကောင်းမွန်လာရန် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ရသည်။

Ref: အာရပ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here