ရန်ကုန်တွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၆၂၂) နေရာအတွက် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခု ခွင့်ပြု

0
19

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၆၂၂) နေရာအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း(၂)ခုမှာ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ လုပ်ငန်း (၁)ခုနှင့် စက်မှုကဏ္ဍ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်သည့် လုပ်ငန်း (၁)ခုဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုလိုက်ခြင်းလည်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွင် ကျပ် သန်း (၈၆၀) နှင့် CMP အထည်ချုပ်လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ (၁.၁၀ ၃) သန်းဖြစ်သည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ယခုအောက်တိုဘာလအတွင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၀)ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်သည့်လုပ်ငန်းများမှ အလုပ် အကိုင် အခွင့်အလမ်းပေါင်း (၂၅၉၄)ယောက် အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here